1. 2. 3.

Monday, 6 September 2010

အလုပ်က လည်းမရှိ ၊ထွက်လိုက်အုံးမယ် ခရီးစဉ်တခု့  ဒီတခါတော့  ၄ နှစ်နီးပါးအားခဲထားတဲ့Disney Resort
ကိုပေါ့ နော် ၊ မနက် ၈ နာရီလောက်မှာ သှူုယ်ချင်း ညီမလေးက ဖုန်းဆက်နိုးရပါတယ် ရေမိုးချိုးပြီး ၄ နှစ်လုံး
တူတူနေခဲ့ ကြတဲ့  အကိုကြီးနဲ့ အတူ ထွက်ခဲ့ ကြတယ်၊ စုရပ်မှာတော့ ညီလေး ဘိတ်သားရယ် ညီမလေး မျိုး ရယ်
အသင့်စောင့်နေကြပါတယ်၊ Tabata ဘူတာကနေ တိုကျို ဘူတာကို ၁၅ မိနစ်လောက် Yamanote စီးပြီးTokyo ဘူတာကိုသွားရပါတယ် အဲဒီကမှတဆင့် ၆ ဘူတာ လောက် ရထားပြောင်းစီး Disney Resort station ကိုရောက်ပါတယ်။ ဒါဆို Disney Sea/Disney Land ကိုရောက်ပါပြီ။ မစ်ကီမောက် ရထားလေးစီးပြီး Sea ကိုပဲ
သွားသွားLand ကိုပဲသွားသွားရွေးချယ်လိုက်ရုံပါပဲ။ ဘယ်သွားသွား ၁ရက်ထဲနဲ့ တော့ မနှံနိုင်ပါဘူး။ကျွန်တော်တို့
ကတော့Sea ကိုပဲရွှေးချယ်ခဲ့ ကြပါတယ်။



Disney Sea ဝင်ပေါက် ထွက်ပေါက်လေးပေါ့  အဝင်တုံးကရိုက်ဖို့ မေ့သွားလို့ အပြန်မှရိုက်လိုက်တာ ဟိ
မြင်နေရတဲ့ မီးတောင် ကြီးထဲမှာစိတ်ဝင်စားစရာတွေ အပြည့်ပေါ့
မီးတောင်ထဲ အဝင်လမ်း တခြားဘက်တွေကိုလဲ ဒီကနေသွားလို့ လဲရပါတယ်
ဆေးလိပ်သောက်ဖို့ ဒီလိုနေရာလေးတွေလုပ်ပေးထားပါတယ်
ပူလွန်းလို့ အနားယူနေရတာများတယ် ဂျပန်အပူချိန်မကြုံစဖူး ပူပါသည် မြန်မာပြည်နဲ့ နင်လားငါလား ပူပါသည်။
ဒီမှာ မနက်စာကို ညီမငယ် မျိုး ကြော်လာတဲ့ ခေါက်ဆွဲကြော်နဲ့  ၄ ယောက်သား ဝမ်းဖြည့်လိုက်ကြပါတယ်။
မျက်နှာဖုံးစွပ်တွေ ဝတ်ရုံတွေ ခေါင်းစည်းတွေ အစုံရောင်းတဲ့  Gift Shop လေးပါ ၊ဒါမျိုးဆိုင်လေးတွေကတော့ နေရာတိုင်းလိုလို ရှိပါတယ်။
ပထမဆုံး PORT DISCOVERY ဆိုတဲ့နေရာကိုစတင် ဝင်ခဲ့ကြပါတယ်။
STORM RIDER စီးကြမယ်ပေါ့
ဒီထဲမှာစီးရမှာလေ တရက်ကို Yen ၅၈၀၀ ပေးထားရတာ(တယောက်ကို) ဆိုတော့  သွားနိုင်လေ စီးနိုင်လေ
တန်လေပါပဲ။ အထဲမှာ ဓါတ်ပုံရိုက်မရလို့ မရိုက်ခဲ့ ရဘူး စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ် ။မုန်တိုင်းထဲပါ
ယာဉ်ပျံစီးသွားတဲ့  ခရိးလေး ဇတ်လမ်းစဉ်ထားတာပါ၊ စု့စု့ပေါင်း 1 .2 နှစ်စီးပေါ့  ကျွန်တော်တို့ က no 2 ယာဉ်
စီးရတယ်။ယာဉ်ထဲမဝင်ခင် မုန်တိုင်းအကြောင်းရှင်းပြပါတယ် ၊ပြီးတော့ Captain & co.pilot နဲ့ မိတ်ဆက်ပေးပါ
တယ်၊ ယာဉ်ထဲကို ဝင်ရောက်ခဲ့ ပါပြီ၊ ခါးပါတ် ကိုပါတ်လိုက်ရပါတယ် ယာဉ်ပျံ စတင်ထွက်လာပါပြီ ၊တကယ့် 
စီးရသလို ခံစားရပါတယ် တခြားယာဉ် တစီးနဲံ့ သူကျော်လိုက် ကိုယ်ကျော်လိုက် ပေါ့ တခြားယာဉ်အကြီးတွေလဲ
လမ်းမှာ တွေ့ ရတယ် Captain ကလဲ လွတ်တယ်ဆိုရုံလေးရှောင်တိမ်းမောင်းနေတာ အသဲတယားယားပါပဲ၊
စပြီ မုန်းတိုင်းမိပြီ အချက်ပေးသံတွေ ဆူညံလာပါတယ် မုန်တိုင်းကလဲ ကြမ်းလာပါတယ် no1 ,ယာဉ်ပျံ လျပ်စီး
ထိသွားတာမြင်လိုက်ရပါတယ်၊ ကျွန်တော်တို့ ယာဉ်ရဲ့ ရှေ့ မှာ no 1.ဟာ ထိန်းချုပ်ရခက်နေပုံ ပါပဲ၊ တိုက်ပြီ.....
ကျွန်တော်တို့ ယာဉ်နဲ့  အထဲမှာဝါယာတွေ ရှောဖြစ်ကုန်ပြီ no1. ယဉ်၇ဲ့ ထိပ်ဖျားဟာကျွန်တော့်တို့ ယာဉ်ထဲရောက်လာတယ် ၊ယာဉ်ထဲကိုလဲ မိုးရေတွေ ဝင်လာပါတယ် လူတွေလဲ ရေတွေ ရွဲသွားပါတယ်၊ယာဉ်ထဲက ပစ္စည်းတွေတွေလဲ ပြုတ်ထွက်ကုန်ပြီ၊ ယာဉ်ပျံဟာ အထက်ကို တက်သွားပြီ ဘယ်လိုမှ
ထိန်းချုပ်လို့ မရတော့ ပါဘူး လုံးဝကို ပျက်ကျသွားပါပြိ ဇောက်ထိုးကိုကျသွားတာ နောက်ဆုံးတော့ ပင်လယ်ထဲကို ကျသွားပါတော့တယ်၊ အစအဆုံး စိတ်လှုပ်ရှားနေရပါတယ်။ အရမ်းနှစ်သက်ခဲ့ ပါတယ်


ရေငုတ်ယာဉ်လေးတွေလေ




ဒါကတော့  ပင်လယ်ရေအောက်ကို သွားကြည့်တဲ့ နေရာပေါ့ ။ရေငုတ်ယာဉ်လေးတွေနဲ့  အတု့ တော့ အတု့ ပေါ့


ရှေးကေ၇ကြောငိးပုံတွေလို့ ထင်တာပဲ






ဒီမှာကတော့  အရမ်းမိုက်တယ် ကမ္ဘာမြေကြီးရဲ့  အလယ် လို့ တော့ ရေးတားတာပဲ
မီးတောင်ကြီးရဲ့ အလယ်မှာပေါ့  ရှေးခောတ်က ဓါတ်လှေခါးပုံစံနဲ့ ဆင်းသွားရတာ သူလည်း မီးတောင်ပေါက်ကွဲတော့မှာမို့  မြေအောက်ကနေ လူတွေ အားလုံး ယာဉ်တွေပေါ်တက်ပြီးထွက်ပြေးကြရတဲ့ ပုံစံ
ဇတ်လမ်းပါပဲ ရှင်းပြနေရင် အရှည်ကြီး ....နောက်ဆုံးလွတ်မြောက်လာတဲ့ ပုံပါပဲ ယာဉ်ရဲ့ speedကတော့ နောက်ဆုံး
မြွေအကြီးကြီးနဲ့ တွေ့ တဲ့ နေရာမှာ jet နီးပါးကို အမြန်နှုန်းတင်လိုက်တာပါပဲ ပြီးတော့ တောင်ရဲ့ ထိပ်လောက်ကနေ တောင်အောက်ကို အမြန်ဆင်းလိုက်တဲ့ ခံစားမှု့ ပါပဲ၊



ဒီလှေလေးစီးပြီး နေရာစုံသွားခဲ့ ကြသေး
လမ်းတဝက်မှာလှေဆိပ်ကဆင်းပြီး INDIANA JONES ဇတ်လမ်းထဲက ဘုရားကျောင်းပျက်ထဲ ဝင်ရောက်ခဲ့ ကြပြန်ရော ဒီမှာတော့ အရင်က ဂျစ်ကားတွေစီးပြီး ခရီးထွက်တာဖန်ဆင်ထားပါတယ် ခရီးကြမ်းပေါ့ ကားကို
ဆွဲကွေ့ လိုက်တဲ့  ခံစားမှု့  လမ်းကြမ်းတဲ့ ခံစားမှု့ တွေ ခံစားရတာပေါ့ 

ဘုရားကျောင်းထဲကမြင်ကွင်းပေါ့  လူတွေအများကြိး စောင့်ရတယ်
ပြီးတော့ မက္ကဆီကန် လားဘယ်လဲ မသိဘူးေ၇ာက်ခဲ့ တယ်








ဒါကတော့ ဗိုက်ဆာလာလို့  နေလည်စာလေးဝယ်စားရတာပေါ့  အရသာညံတယ် မတန်ဘူး...
ဒီကိုလာတဲ့ လူတိုင်းစောင့်ကြည့်ကြတဲ့ Disney Sea ရဲ့  အဓိက ပြကွက်ပေါ့  ပုံထဲက အလှဆင်ထားတဲ့  လှေကြီး
ထွက်လာတယ်
ဒီလိုမျိုးရေပန်းတွေနဲ့  ပုံစံအမျိုးမျိုး ဖန်တီးတင်ဆက်တယ်
မြင်နေရတဲ့ လှိုဏ် အဝထဲ က Motor Craft တွေ ထွက်လာပြီး အမျိုးမျိုးစီးပြကြတယ်

ဒီလိုမျိုးပေါ့  ဒဲဒီအချိန်မှာပဲ နောက်ထပ် အလှဆင်ထားတဲ့ လှေတွေ ထပ်ထွက်လာတယ် အရမ်းလှတာပဲ





ထွက်လာတဲ့ လှေတွေထဲကမှDisney actor တွေ ထွက်လာတယ် လှေရဲ့  အထက်ကနေ

အလှပြနေဆဲမှာပဲ နောက်ထပ် အလှဆင်ထားတဲ့ Motor Craft တွေ ထွက်လာပြန်ပါတယ်
အမျိုးမျိုး အစွမ်းပြကြပါတယ် အဲ ..Motor Craft စီးတဲ့ သူတွေက အမျိုးသမီးတွေများတယ်ဗျ
နောက်ထပ် ဒီလိုအလှဆင်ထားတဲ့  လှေကြီးတွေ ထပ်ထွက်လာပြန်တယ် အရမ်းလှတဲ့ လှေကြီးတွေပေါ့ 















အမျိုးမျိုး ကပြပြီး ပြီးဆုံးသွားတော့ အောက်မှာမြင်ရတဲ့  အဆောက်အဦးကိုသွားပြီး ဓါတ်လှေခါး ပျက်ကျတဲ့ 
နေရာကို သွားပြီး ခံစားမလို့ ဟာ လူတေါကြိတ်ကြိတ် တိုးနေလို့  မဝင်ခဲ့ ရပါဘူး မီတာ ၁၂၀ လောက် အမြင့်ကနေ ဓါတ်လှေခါးကို လွတ်ချလိုက်တဲ့ ခံစားမှု့ ပါ တော်တော်ကြိုက်ကြတယ် ဂျပန်မလေးတွေ

ဒါကတော USA က BROADWAY ကိုရောက်ခဲ့ ပြန်ပါတယ်

တွေ့ ရခဲ တဲ့ ဒိလို ရှေးကားလေးတွေ စီးခဲ့ ကြတယ်







ဒီ ကမ္ဘာ လုံးကြီးက အမြဲလည်နေတာပေါ့ ရေပန်းတွေနဲ့ လေ
ညရောက်လာပြိလေ မနက်ဖန် အလုပ်ရှိတဲ့ သူတွေ အလုပ်သွားရမှာမို့  မပြန်ချင်ပြန်ချင် နဲ့  အိမ်ပြန်ခဲ့ ကြပါတော့တယ်....နောက်တခေါက်က FUJI ICELAND ကို သွားကြရအောင်တဲ့ .. သွားဖြစ်ခဲ့ ရင်တော့ 
ထပ်ပြီးမြင်ရအုံးမှာပေါ့ ...ခု့ တော့  ဒီလောက်ပဲ

0 comments:



MM Calendar

စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး +++ကြီး

Change Font Color

Change Font Size

ယနေ့ ဈေးနှုန်းများ

ပြောခဲ့ အုံး ပြောခဲ့ အုံး

About Me

ဘာမှ မထူးခြားတဲ့ လူထဲကလူတယောက်ပါ မေတ္တာတော့ထားတတ်တယ် ပြန်ပြီးရယူလိုစိတ်တော့မရှိပါ