1. 2. 3.

ချစ်သူအတွက်

Tuesday, 31 August 2010

1976.may.10
စစ်ကိုင်းတိုင်း ချောင်းဦးဆိုတဲ့  မြို့ ငယ်လေးမှာမွေးဖွား
သားအကြီးရယ်ပါ။
သားအကြီးမို့ မိခင်ဖင် အချစ်ပို လိုလေသေးမရှိပေါ့ 
မချမ်းသာပေမဲ့  "အများနည်းတူထားမဟဲ့ ငါ့သားကို" တဲ့ 
ဒီလိုနဲ့  လောကမှာကြီးပြင်း လူဖျင်းလေးပေါ့ 
အလုပ်ဆိုတာသိပေမဲ့  ငွေတန်ဖိုးနားမလည်ခဲ့ 
သူငယ်ချင်းတွေအများကြီးကြား တယောက်သောသူငယ်ချင်းနဲ့ သာ
အမြဲတွဲခဲ့ ညီအကိုတွေအလား
အလုပ်စုံ လမ်းကြောင်းစုံမှာကျင်လည် ငွေဆိုတာလက်ဖျားသီး
ဒါဆိုဒါ ဖြစ်ခဲ့ 
နောင်ရေးကိုမစဉ်းစား ဘဝကိုပျော်သလိုဖြတ်သန်း
ပန်းခင်းတဲ့ လမ်း
တနေ့ ..မေ့မရခဲ့ တဲ့ တနေ့ တူတူခရီးသွားရင်းချစ်တဲ့ သူငယ်ချင်း
တယောက်ထဲထားရစ်..တမလွန်ကိုကူးပြောင်းသွားခဲ့ ပြီ။
ဒီလိုနဲ့ 
တစ်ယောက်ထဲဆက်လျှောက်ရင်း တနေ့ မှာ....
ကံကြမ္မာရက်စက် ပြေးထွက်ခဲ့ အဝေးတနေရာ
ရန်ကုန်
မိဘကလစဉ်ထောက်ပံ ဘဝကိုဝေ့လည်လည်
ငယ်ကသူငယ်ချင်းအိမ်မှာမှိခို ၁နှစ်ကျော်ကြာခဲ့ ပေါ့
ဒီလိုနေထိုင်နေရင်း
ဘဝမှာမချစ်ဘူးတဲ့ အချစ်နဲ့ ချစ်တဲ့ ချစ်သူနဲ့ ဆုံဆည်းခဲ့ ရ
ပျော်ရွင်စရာနေ့ တွေပေါ့ 
ချစ်သူဟာ
ကျွန်တော့်ထက်ငယ်
ကျွန်တော့်ထက် ထက်တယ်
လောကကို အခြေတကျအေးချမ်းပြည့်စုံစွာ
ကိုယ့်အားကိုယ်ကိုး ဦးဆောင်ဖြတ်သန်းနေနိုင်သူလေ။
ကျွန်တော်
ရှေ့ရေးကိုစတွေး ရင်လေးတတ်ခဲ့ ပြီ....မင်းဘာဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်း
ကိုယ့် ကိုယ်ကို အကြိမ်ကြိမ် မေးမြန်း..ပင်ပန်းတတ်ခဲ့ ပြီ။
ကံဆိုးချင်တာလား ကံကောင်းချင်တာလားမသိ
သင်တန်းတခု့ တက်ရင်း အခွင့်အလမ်းတခု့ ဆွဲမြဲစွာဆုပ်ကိုင်
Japan ဆိုတဲ့ နိုင်ငံ ထွက်ခဲ့ ရပေါ့ 
အဟား..စိတ်ကူးတွေအများကြီး မျော်လင့်ချက်တွေအများကြီး
၃နှစ်တာနေထိုင် ချစ်သူမျှော်နေနေရောပေါ့ 
ဒါပေမဲ့  ဒါပေမဲ့ 
ရှေ့ရေးရင်လေး ရင်ဆိုင်ဖို့ မပြည့်စုံ ချစ်သူရဲ့ မျော်လင့်ချက်
ချစ်သူရဲ့ ခံစားမှု့ နားမလည် ဘဝကို မခွဲခြား အစီအစဉ်တွေမှားခဲ့ပေါ့ 
လက်တွေ့ မဆန်တဲ့ လုပ်ရပ်တွေအတွက် ချစ်သူနဲ့ ချစ်ခြင်း
အက်ကြောင်းထင်ခဲ့ ပေါ့ 
ချစ်သူဟာ..ကျွန်တော့်ချစ်သူဟာ
ကျွန်တော်အတွက်.အစစ အရာရာစဉ်းစား
အသေးစိတ် အကွက်ချခဲ့ သူပေါ့ 
သူ့ ရဲ့ အစီအစဉ်
ချိုးဖျက်ခဲ့  ကျွန်တော်ရဲ့ ညံဖျင်းမှု့ 
နှစ်တွေက ကြာမြင့် ဘယ်မှာလဲ တူနှစ်ကိုယ်ရင်ဆိုင်ဖို့ ခွန်အား
စိတ်ကူးနဲ့ ရူး လက်တွေ့ မကျ ဘယ်လိုစခန်းသွားရပါ့ 
အသက်ရွယ်တွေကြီးရင့် ခု့ ဆို
၃၅ ရောက်ခဲ့ ပေါ့ 
ဘဝရဲ့ တဝက်မှာ ခု့ မှစမယ်ဆိုရင်
သူ့ အတွက်စဉ်းစား သနားမိပြီချစ်သူ...
သူ့ လက်ရှိဘဝ မြင့်မား
အေးချမ်းစွာနေသူကို ဆင်းခဲ့ တော့ အပူထဲ
ဆွဲခေါ်ရမလား စဉ်းစားမိပြီ ချစ်သူ
30.8.2010
ချစ်သူကအခွင့်အရေးပေး ကြိုးစားချင်သေး
ချစ်သူပေးတဲ့ ခွန်အား
နောက်ဆုံးအကြိမ်ကြိုးစားရင်း ရှေ့မှာပန်းတိုင်
မြင်နေပြီလေ



အထည်ကြီးပျက်ကျွန်တော်
လက်တွေ့ မပီပြင်တဲ့ ကျွန်တော်
ဘဝရှေ့ေ၇း တိုက်ပွဲ
လှပစွာဆင်နွဲ
ပြုံးတော့ချစ်သူ




သို့ သော်လည်း ချစ်သူအတွက်အခွင့်အရေးပေးရအုံးမည်.
ရင်ဆိုင်ရဲရင် လက်ကိုဆွဲ မြဲမြဲပေါ့  ချစ်သူ
ရင်မဆိုင်ရဲလဲ ခွင့်လွတ်မြဲ ထာဝရပေါ့ချစ်သူ။


Gmail Account ဖျက်ချင်တဲ့ သူငယ်ချင်းအတွက်

Saturday, 28 August 2010

ကျွန်တော့်သူငယ်ချင်းတယောက်ကမေးလာတယ်။ Gmail account ကိုဖျက်ချင်တယ်တဲ့  လုပ်တတ်ရင်ပြောပါတဲ့ .မလုတ်တတ်ပေမဲ့ ရှာတတ်တယ်.ကျွန်တော်ကိုယ်တိုင်ကလဲ Gmail ကို Gtalk တို့ ကို
ကိုယ့်သူငယ်ချင်းတွေအတွက်ပဲအသုံးပြု့ တာများတယ်၊ Q တာတွေ ကြောင်တာတွေမလုပ်ချင်ဘူး။
အပျင်းပြေလုပ်ကြတယ်ဆိုပေမဲ့  အချိန်တွေဖြုန်းနေတယ်လို့ ထင်မိလို့ ။ နောက်စိတ်ညစ်ဖို့ ကောင်းတာ
မေးလ်းပို့ တာပဲ ကိုယ်နဲ့ သိမှပို့ ပေါ့၊ ခု့ တော့မဟုတ်ဘူး အရမ်းကိုပို့ ချင်နေကြတာပါလား၊ စိတ်ရှုတ်တတ်တဲ့ သူ
တွေကို ကျွန်တော်ကိုယ်ချင်းစာပါတယ်၊ ကျွန်တော်လဲ မသုံးဖြစ်တော့တဲ့ Account တွေများနေပြီ။
ဒါနဲ့ ပဲ ဒီPost လေးကို ကိုညီနေမင်း ဘလော့ကနေကူးယူတင်ပြလိုက်တာပါ

  • (၁) Google Account ကိုဝင်ပြီး settings ကို နှိပ်လိုက်ပါ .
  • (၂) Setting ထဲက Accounts and Import ကိုရွေးလိုက်ပါ .
  • (၃) အောက်ဆုံးက စာလုံးအပြာရောင်နဲ့ရေးထားတဲ့ Google Account settings ကိုနှိပ်လိုက်ပါ .
  • (၄) My products နဘေးက Edit ကို နှိပ်လိုက်ပါ ။ (ဓါတ်ပုံအောက်တည့်တည့်တွင်ရှိ)
  • (၅) Delete a Product အောက်က Remove Gmail permanently ဆိုတာကို ရွေးလိုက်ပါ .
  • ကဲ အခု ယခင် gmail အကောင့် ပျက်သွားပါပြီ . စမ်းကြည့်လိုက်ပါဦး .



Thursday, 26 August 2010

ကျွန်တော်နေတဲ့ အိမ်ကလေးပေါ့ 
အိမ်ကလေးဆီရောက်ဖို့ ဒီလှေခါးကြီးကသွားရတာ... နေစဉ်အလုပ်သွားတိုင်းကြုံတွေရတဲ့ ဒုက္ခပေါ့
ဒီကော်ဖီ ဆိုင်လေးတွေမှာ တခါတခါ ညစာလွတ်ခဲ့ရသေးတယ်



ဒါလေးကတော့ မနက်အလုပ်သွားတိုင်း အချိန်လု့  ဝယ်သောက်နေကြ ဘူတာထဲက ကော်ဖီ .အအေး ရောင်းတဲ့ စက်ကလေးပေါ့




အမေ့ ရင်ခွင်လောက် အေးချမ်းတဲ့ နေရာမရှိ
အမေနို့ လောက် စင်ကြယ်တာမရှိ
အမေ့ စကားလောက် မေတ္တာ ဂရုဏာများတာ မရှိ
အမေ့ မျက်နှာလောက်ချောမောလှပတာ မရှိ
အမေ့ လက်လောက် ကူညီတဲ့ လက်မရှိ


အမေဆိုတာ အင်အား
အမေဆိုတာ ဥာဏ်ပညာ
အမေ ဆိုတာ မေတ္တာပင်လယ်



ချစ်သူငယ်ချင်းအောင်ထူး လန်းနေစဉ်

ဒီတခါတော့ TATEYAMA ဆိုတဲ့ ကမ်းခြေလေးဆီရောက်ခဲ့ကြပြန်ပါပြီ၊ ..ပျော်စရာလဲကောင်း စိတ်ညစ်စရာလဲကောင်း


ထူးခြားတာက မေတ္တာသုတ်ရွတ်ဆိုပြီး သြကာသလောကကြီး မှာရှိတဲ့ အားလုံးကိုမေတ္တာပို့  အမျဝေခဲ့ကြတယ်ဗျ
ပူလွန်းလို့ မြန်မာ့သနပ်ခါးကို အားလုံးအမှတ်တရ လိမ်းခဲ့ကြတယ် လွမ်းတယ်မြန်မာပြည်ရယ်....
ပူချက်ကတော့ဗျာ.....
ဒါကတော့ပင်လယ်အောက်ကနေဖောက်လုပ်ထားတဲ့ ဟိုင်းဝေလမ်းအဝင်ဗျူးပွိုင့်ပေါ့.....

အမှတ်တရအဖြစ်ဆုံးက ကားတစီးလုံး အစားမှားပြီး ပန်းကြတော့တာပါပဲ တချို့ ဆို ၃ရက်၎ရက်တောင်ဆိုပဲ...

အလှုဒါန

ဗန်းမော်ဆရာတော်ဘုရားကြီး ကြွလာစဉ် ဒု့ တိယအကြိမ် အာရုံဆွမ်းကပ်လှုခြင်း


ခရီးထွက်မလား..လာထားကိုယ့်လူ ညီမှညီ

နည်းနည်းကျွေးခဲ့ ရသေးတယ် ငြိမ်အောင်လို့  ဟီးဟီး.....
လူဆိုးကြီးတွေပေါ့.......
ueno zoo မှာကဲနေတုန်း ။။။။။။

တိုကျို ဒိုင်းဘု့ စု့  မှာ ငါးစာကျွေး ကုသိုလ်ယူခဲ့ကြသေးတယ်

အလှုဒါန

ဂျပန်နိုင်ငံ မြန်မာဘုန်းတော်ကြီးကျောင်း


ပထမအကြိမ် သူငယ်ချင်းတစု့ အာရုံဆွမ်းကပ်လှု ခြင်း
မုန့် တီသုတ်လေးနဲ့ ဆွမ်းကပ်ခဲ့ တယ်ဗျ၊ ညီမငယ် မျိုး နဲ့  အကိုကြီး စိုးလက်ရာပေါ့

သာဓုခေါ်ပေးကြအုံးနော်

အရမ်းလှတယ်နော် FUJI SAN

ပျော်ပျော်ပါးပါးခရီးသွားကြခဲ့ တယ် ပျော်ရွှင်စရာနေ့ စွဲလေးတွေပေါ့ပေါက်တောမှာအမှတ်တရ



MM Calendar

စာလုံးပြောင်းရန်
အသေး ပုံမှန် +ကြီး ++ကြီး +++ကြီး

Change Font Color

Change Font Size

ယနေ့ ဈေးနှုန်းများ

ပြောခဲ့ အုံး ပြောခဲ့ အုံး

About Me

ဘာမှ မထူးခြားတဲ့ လူထဲကလူတယောက်ပါ မေတ္တာတော့ထားတတ်တယ် ပြန်ပြီးရယူလိုစိတ်တော့မရှိပါ